Perfection trap ဆိုတာကတော့ တစ်ခုခုကို IT product ဖြစ်ဖြစ်၊
အလုပ်တစ်ခုခုဖြစ်ဖြစ်၊ idea တစ်ခုဖြစ်ဖြစ် စပြီးအကောင်အထည်ဖော်တဲ့အခါမှာ
ဟိုဟာလိုသေးတယ် ဒါကတော့မပြည့်စုံသေးပါဘူး
အလုပ်စမယ်ဆိုလည်း အရင်းအနှီးမလောက်သေးလို့
အဲ့လိုမျိုး အကြောင်းပြချက်တွေနဲ့ ဘာမှစပြီးမလုပ်ဖြစ်တာကို Perfection trap လို့ခေါ်တာပါ။ ...................................................
ပြီးပြည့်စုံမှစလုပ်မယ်ဆိုပြီး မလုပ်ဖြစ်ပဲနေလိုက်တယ်
နောက်နှစ်အနည်းငယ် ကြာတော့တစ်ယောက်ယောက်က
ကိုယ်တွေးထားတာကို လုပ်ပြီးအောင်မြင်သွားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
အဲ့ကျတော့မှ ငါလုပ်ခဲ့ရင်ကောင်းသား ဆိုပြီးနောင်တရတက်ကြတယ်။
အကောင်းဆုံးကတော့ မပြည့်စုံသေးလည်း အချိန်ရှိမယ်ဆိုရင်
လုပ်ချင်တာကို စပြီးလုပ်ထားတာအကောင်းဆုံးပါပဲ။
.....................................................
Perfection Trap မှာမပိတ်မိအောင် စိတ်ကူးပေါ်လာတိုင်း
ချရေးပြီး လူတွေတွက် အဆင်ပြေမယ်ထင်တာလေးကို စပြီးအကောင်အထည်ဖော်လိုက်ပါ။